DVB Debate clip: "The police don't understand human rights" (Burmese)

  • 8 years ago
ဒီတစ်ပတ်ရဲ့ ဒီဗွီဘီ ဒီဘိတ် အစီအစဉ်မှာ မြန်မာနိုင်ငံမှာ စီတန်းလှည့်လည်ခွင့်ဥပဒေ လိုရဲ့လား ဆိုတဲ့အကြောင်းအရာ ကိုဆွေးနွေးထားပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို အတည်ပြုပြဌာန်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ ခြွင်းချက်ကင်းပြီး လွတ်လပ်တဲ့ ဥပဒေတစ်ရပ်တော့ မဟုတ်ပါဘူး - ဥပဒေရဲ့ ပုဒ်မ ၁၈ အရ ဆန္ဒပြလိုသူတွေဟာ အစိုးရအာဏာပိုင်တွေဆီမှာ ခွင့်ပြုချက်အရင်တောင်းခံရမှာဖြစ်ပြီး ဒီအချက်ကို ပျက်ကွက်ခဲ့ရင် ထောင်ဒဏ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။