မွေးနေ့မှာ ပထဆုံးတစ်ကိုယ်တော်အခွေဖြန့်ချိသွားမယ့် X Box ရဲ့ 9 Album

  • 7 years ago
တေးသံရှင် X-Box ရဲ့ ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ် 9 DVD အခွေကို ဒီလ ၂၀ ရက်နေ့မှာ MEC Pictures ထုတ်လုပ်ရေးကနေ တစ်နိုင်ငံလုံးကို ဖြန့်ချိပေးတော့မှာဖြစ်ပါတယ်။ လူငယ်တွေအကြိုက် သီချင်းဖန်တီးမှုတွေကြောင့် နာမည်ရလာတဲ့ X Box အနေနဲ့ သူ့ရဲ့ DVD အခွေမှာလည်း ထူးခြားတဲ့ဖန်တီးမှုတွေပါဝင်မယ်လို့ ပြောပါတယ်။ သီချင်းတော်တော်များများမှာ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသလို ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Story ဆန်ဆန်ဖန်တီးမှုတွေ ပါဝင်မှာလည်း ဖြစ်ပါတယ်။အခွေစတင်ဖြန့်ချိတဲ့နေ့ဟာ သူ့ရဲ့မွေးနေ့ဖြစ်တဲ့အတွက် Junction Square Outdoor Area မှာ ပရိသတ်တွေနဲ့တွေ့ဆုံရင်း အမှတ်တရ လက်မှတ်ထိုးကာ ပရိသတ်တွေနဲအတူ မွေးနေ့ကိုဖြတ်သန်းသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Recommended