Facebookရဲ႕ Dating Feature အသစ္ကို ဇက္ကာဘက္ဂ္ မိတ္ဆက္ေမ - ၂ ၊၂၀၁၈ Facebookမွာ ပါဝင္လာမယ့္ Dating Feature အသစ္တစ္ခုကို ကုမၸဏီ အမႈေဆာင္ခ်ဳပ္ မတ္ခ္ဇက္ကာဘက္ဂ္က

  • 6 years ago
Facebookရဲ႕ Dating Feature အသစ္ကို ဇက္ကာဘက္ဂ္ မိတ္ဆက္

ေမ - ၂ ၊၂၀၁၈

Facebookမွာ ပါဝင္လာမယ့္ Dating Feature အသစ္တစ္ခုကို ကုမၸဏီ အမႈေဆာင္ခ်ဳပ္ မတ္ခ္ဇက္ကာဘက္ဂ္က အတည္ျပဳ မိတ္ဆက္ေပးခဲ့ပါတယ္။

ဒီဝန္ေဆာင္မႈဟာ အဓိပၸါယ္ ျပည့္ဝၿပီး သက္တမ္းရွည္ၾကာတဲ့ အခ်စ္ေရးကို တည္ေဆာက္ဖုိ႔အတြက္ အေကာင္းဆံုး အေထာက္အကူ ေပးလိမ့္မယ္လုိ႔ ဇက္ကာဘက္ဂ္က ညႊန္းဆိုခဲ့ပါတယ္။

အဲဒီ Dating Featureက Bumbleနဲ႔ Tinderတို႔လို Appမ်ိဳးေတြနဲ႔ အေျခခံ အသံုးျပဳပံု ဆင္တူမယ္လုိ႔ ဆိုတယ္။

Featureသစ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ Facebookရဲ႕ ထုတ္ကုန္ဌာန အႀကီးအကဲ ခရစၥေကာ့စ္က တာဝန္ယူ ရွင္းျပခဲ့ပါတယ္။ ဒီဝန္ေဆာင္မႈကို စတင္ အသံုးျပဳႏုိင္မယ့္ ကာလကိုေတာ့ အခုႏွစ္ကုန္ပိုင္းေလာက္မွာ ေၾကညာဖို႔ ရွိေနပါတယ္။

ေမ ၁ ရက္က က်င္းပတဲ့ F8 နည္းပညာ Developer ညီလာခံမွာ ဇက္ကာဘက္ဂ္က Facebook အေနနဲ႔ အခ်က္အလက္ ယိုစိမ့္ေပါက္ၾကားမႈေတြကို ကာကြယ္ ထိန္းခ်ဳပ္ဖုိ႔ အစီအမံသစ္ေတြ လုပ္ေဆာင္ေနေၾကာင္းလည္း အတည္ျပဳသြားခဲ့ပါတယ္။

(Unicode)

Facebookရဲ့ Dating Feature အသစ်ကို ဇက်ကာဘက်ဂ် မိတ်ဆက်

မေ - ၂ ၊၂၀၁၈

Facebookမှာ ပါဝင်လာမယ့် Dating Feature အသစ်တစ်ခုကို ကုမ္ပဏီ အမှုဆောင်ချုပ် မတ်ခ်ဇက်ကာဘက်ဂ်က အတည်ပြု မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီဝန်ဆောင်မှုဟာ အဓိပ္ပါယ် ပြည့်ဝပြီး သက်တမ်းရှည်ကြာတဲ့ အချစ်ရေးကို တည်ဆောက်ဖို့အတွက် အကောင်းဆုံး အထောက်အကူ ပေးလိမ့်မယ်လို့ ဇက်ကာဘက်ဂ်က ညွှန်းဆိုခဲ့ပါတယ်။

အဲဒီ Dating Featureက Bumbleနဲ့ Tinderတို့လို Appမျိုးတွေနဲ့ အခြေခံ အသုံးပြုပုံ ဆင်တူမယ်လို့ ဆိုတယ်။

Featureသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ Facebookရဲ့ ထုတ်ကုန်ဌာန အကြီးအကဲ ခရစ္စကော့စ်က တာဝန်ယူ ရှင်းပြခဲ့ပါတယ်။ ဒီဝန်ဆောင်မှုကို စတင် အသုံးပြုနိုင်မယ့် ကာလကိုတော့ အခုနှစ်ကုန်ပိုင်းလောက်မှာ ကြေညာဖို့ ရှိနေပါတယ်။

မေ ၁ ရက်က ကျင်းပတဲ့ F8 နည်းပညာ Developer ညီလာခံမှာ ဇက်ကာဘက်ဂ်က Facebook အနေနဲ့ အချက်အလက် ယိုစိမ့်ပေါက်ကြားမှုတွေကို ကာကွယ် ထိန်းချုပ်ဖို့ အစီအမံသစ်တွေ လုပ်ဆောင်နေကြောင်းလည်း အတည်ပြုသွားခဲ့ပါတယ်။

Recommended