ဂျာမနီနိုင်ငံသား အဆိုတော် မစ်ကီ မြန်မာစာ ဘယ်လိုသင်နေလဲ.. ပရိသတ်တွေလည်း တိုက်ရိုက် ပါဝင်ဆွေးနွေး မေးမြန်းနိုင်ပါတယ် ... ‍♀️ ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသ

  • 6 years ago
ဂျာမနီနိုင်ငံသား အဆိုတော် မစ်ကီ မြန်မာစာ ဘယ်လိုသင်နေလဲ.. ပရိသတ်တွေလည်း တိုက်ရိုက် ပါဝင်ဆွေးနွေး မေးမြန်းနိုင်ပါတယ် ... ‍♀️

ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်က မြန်မာ ဘာသာနောက်ဆုံးနှစ်ကျောင်းသူ တဦးဖြစ်တဲ့ ကိုရီးယားလူမျိုး Ms Hye In An ( မနှင်းပွင့်ဖြူ ) လည်း Friday Live အစီအစဉ်မှာ ပါဝင်နေပါတယ်။

မြန်မာစာ မြန်မာစကားကို နိုင်ငံခြားသားတွေ ဘာကြောင့်လေ့လာကြသလဲ၊ ဘယ်လိုသဘောထားကြလဲ မေးကြပြောကြမယ် နိုင်ငံခြားသားတွေအနေနဲ့ မြန်မာစာ၊ မြန်မာ စကားကို ဘာကြောင့်လေ့လာနေကြသလဲ၊ ဘယ်လိုလေ့လာ သလဲ၊ ဒါတွေကို ဘယ်လိုပြန်အသုံးချနေကြသလဲ။

မြန်မာစာ၊ မြန်မာစကားကို လေ့လာနေတဲ့ နိုင်ငံခြားသားတွေမှာ ဘယ်လိုအခက်အခဲတွေရှိနေသလဲ၊ ကိုယ်တိုင်ရောနိုင်ငံခြားဘာသာစကားတခုခုကိုလေ့လာရင် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရသလဲ။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးဘီဘီစီမြန်မာပိုင်းရဲ့ Friday live အစီအစဉ် မှာပြောဆိုကြဖို့ မြန်မာသီချင်းတွေဆိုတဲ့ အဆိုတော်လည်းဖြစ် မြန်မာသရုပ်ဆောင်တွေနဲ့ အတူရုပ်ရှင် ဇာတ်ကား ရိုက်ကူးနေပြီဖြစ်တဲ့ ဂျာမန်လူမျိုးမစ်ကီ ( Mikis Weber ) နဲ့အတူ ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်က မြန်မာ ဘာသာနောက်ဆုံးနှစ်ကျောင်းသူ တဦးဖြစ်တဲ့ ကိုရီးယားလူမျိုး Ms Hye In An ( မနှင်းပွင့်ဖြူ ) တို့ကို ဖိတ်ခေါ်ပြီး ဆွေးနွေးနေတာပါ။

နိုင်ငံခြားသားတွေအနေနဲ့ မြန်မာစာ၊ မြန်မာစကားကို ဘယ်လိုသဘောထားကြသလဲ၊ ဘယ်လိုပြန်အသုံး ချ နေလဲဆိုတာ မိမိတို့ ပတ်ဝန်းကျင်မှာ မြင်ဖူးကြုံဖူးတာမျိုးတွေရှိရင် မှတ်ချက်ပေးပြီး မျှဝေနိုင်သလို ဘာသာ စကားအသစ်ကို လေ့လာတာနဲ့ ပတ်သက်ပြီး သိလိုတဲ့ အကြောင်းအရာတွေရှိရင်လည်း Live အစီအစဉ်ကနေ မေးခွန်းတွေကို တိုက်ရိုက်ပါဝင်မေးမြန်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မြန်မာစာ #မြန်မာစကား #FridayLive #လူငယ် #အမျိုးသမီး #မြန်မာ #ကိုရီးယား #ဂျာမနီ #ဘာသာစကား

Recommended