မော်တင်စွန်း ဟိုတယ်ဇုန်ကို ဇေကမ္ဘာက လက်ဝါးကြီး အုပ်မည် မဟုတ်ကြောင်း တိုင်းဝန်ကြီးချုပ် ပြော (ရုပ်/သံ)ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၁၈ဧရာဝတီတိုင်း ဖွံ့ ဖြိုးတိုးတ

  • 6 years ago
မော်တင်စွန်း ဟိုတယ်ဇုန်ကို ဇေကမ္ဘာက လက်ဝါးကြီး အုပ်မည် မဟုတ်ကြောင်း တိုင်းဝန်ကြီးချုပ် ပြော (ရုပ်/သံ)

ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၁၈

ဧရာဝတီတိုင်း ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မယ့် မော်တင်စွန်း ဟိုတယ်ဇုန် စီမံကိန်းကို စီးပွားရေး လုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ဦးဆောင်ပြီး ဆောင်ရွက်နေပေမယ့် သူတဦးနဲ့ ဆောင်ရွက်မှာ မဟုတ်ဘဲ အများပိုင် ကုမ္ပဏီ အဖြစ် ဆောင်ရွက်မှာ ဖြစ်လို့ ခွင့်ပြုထားကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောပါတယ်။

“ဇေကမ္ဘာ ဦးဆောင်ပြီးတော့ လက်ဝါးကြီး အုပ်ပြီး လုပ်ခြင်း မဟုတ်ပါဘူး။ သူတို့ ကိုယ်တိုင်ပြောပါတယ်။ လိုအပ်လို့ရှိရင် ဒီဒေသကို သူကလည်း ဘုရားနဲ့ ပတ်သက်ပြီး အာရုံ အတော်ရှိတဲ့နေရာ ဖြစ်တဲ့အတွက် ဒါကို သူက အရင်ဆုံး စလုပ်ခြင်း ဖြစ်ပါတယ်။ တ ကယ်လုပ်တဲ့အချိန်မှာ လိုရင် သူငွေချေးမယ်။ သူမပါဘူး။ အများပိုင် ကုမ္ပဏီနဲ့ လုပ်မှာပါ”လို့ ၄င်းက နေပြည်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ယခုအခါ စီမံကိန်း လုပ်ဆောင်မယ့်နေရာမှ တိုင်းအဆင့် အခြေခံ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပြီး ၇ မိုင်ခွဲခန့် ရှိတဲ့ ကမ်းခြေမှာ ၁၂ ရာသီ ဘုရားလာရောက်ဖူးနိုင်အောင် စီစဉ်ပေးနိုင်ရင် ဧရာဝတီတိုင်းမှာ နိုင်ငံခြားသား လာရောက်ဖို့အတွက်လည်း အဆင်ပြေမှာဖြစ်လို့ ဒီစီမံကိန်းကို အကောင်အထည် ဖော်ရတာလို့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်က ရှင်းပြခဲ့ပါတယ်။

ရိုက်ကူး - ထက်နိုင်ဇော်/ဧရာဝတီ

Recommended