အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွမ်နဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆွေးနွေးဖို့အတွက် ဒီသီတင်းပတ်ကုန်မှာ မြောက်ကိ
  • 6 years ago
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွမ်နဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆွေးနွေးဖို့အတွက် ဒီသီတင်းပတ်ကုန်မှာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ ဒုတိယအကြိမ် အမေရိကန်နဲ့ မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲ၊ ကျင်းပနိုင်ရေး စီစဉ်ဖို့အတွက် ဝန်ကြီး Pompeo မြောက်ကိုရီးယားနိုင်ငံကို ဒီနှစ်အတွင်းသွားရောက်ခဲ့တာ၊ ဒီတခါ လေးကြိမ်မြောက်ခရီးစဉ်ဖြစ်ပါတယ်။ ဝန်ကြီး Pompeo အနေနဲ့ သမ္မတထရမ့်နဲ့ ကင်ဂျုံအွမ်တို့ရဲ့ ဒုတိယအကြိမ်တွေ့ဆုံပွဲ အနှစ်သာရရှိအောင် ကြိုတင်စီစဉ်ရာမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနကနေ VOA သတင်းထောက် Nike Ching သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
Recommended