ၾကားျဖတ္အတြက္ ျပည္ပေရာက္ႀကိဳတင္မဲေပးသူေတြထဲမွာ စင္ကာပူက အမ်ားဆုံးျဖစ္ေအာက္တိုဘာ - ၁၉ ၊၂၀၁၈ ၂၀၁၈ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ မဲေပးခြင့္ရသူ ျပည္ပေရာက္ျမန္မာႏိုင္

  • 6 years ago
ၾကားျဖတ္အတြက္ ျပည္ပေရာက္ႀကိဳတင္မဲေပးသူေတြထဲမွာ စင္ကာပူက အမ်ားဆုံးျဖစ္

ေအာက္တိုဘာ - ၁၉ ၊၂၀၁၈

၂၀၁၈ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ မဲေပးခြင့္ရသူ ျပည္ပေရာက္ျမန္မာႏိုင္ငံသားမဲဆႏၵရွင္ ၅၅ဦးထဲက ၄၄ဦးကႀကိဳတင္ဆႏၵမဲေပးတယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္ကေျပာပါတယ္။

ျပည္ပေရာက္မဲဆႏၵရွင္ေတြ ႀကိဳတင္ဆႏၵမဲေပးႏုိင္ဖို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေနတစ္ဆင့္ သံရံုး၁၇ရံုးကုိ ႀကိဳတင္ဆႏၵမဲလက္မွတ္ေတြေပးပို႔ခဲ့တာျဖစ္ပါတယ္။

သံရံုးေတြရဲ႕အစီအစဥ္နဲ႔ မဲဆႏၵရွင္ေတြကႀကိဳတင္ဆႏၵမဲေပးၾကတာျဖစ္ၿပီး ယခုတစ္ပတ္အတြင္းမွာ မဲလက္မွတ္ေတြျပည္ေထာင္စုေရြးေကာက္ပြဲထံ ျပန္လည္ေရာက္ရွိလာတယ္လို ဦးျမင့္ႏိုင္ကေျပာပါတယ္။

ျပည္ပေရာက္မဲဆႏၵရွင္ေတြအေနနဲ႔ ႀကိဳတင္ဆႏၵမဲေပးဖို႔ သက္ဆိုင္ရာသံရံုးေတြမွာ ပံုစံ(၁၅)နဲ႔ေလွ်ာက္ထားရတာျဖစ္ၿပီး သံရံုးေတြကတစ္ဆင့္ေရြးေကာက္ပြဲေကာ္မရွင္ထံေပးပို႔ကာ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကမဲေပးခြင့္ရွိမရွိ စိစစ္ရတာျဖစ္ပါတယ္။

ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြထဲမွာ ႀကိဳတင္ဆႏၵမဲေပးဖို႔အတြက္ စင္ကာပူႏိုင္ငံကမဲေပးခြင့္ရသူ၁၈ဦးနဲ႔ အမ်ားဆံုးျဖစ္တယ္လုိ႔လည္းသိရပါတယ္။

၂၀၁၈ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ မဲေပးႏိုင္တဲ့မဲဆႏၵရွင္ကိုးသိန္းေက်ာ္ရွိၿပီး ေရြးေကာက္ပြဲကို ႏိုဝင္ဘာ၃ရက္ေန႔မွာျပဳလုပ္ေတာ့မွာပါ။

ရုပ္သံသတင္းေထာက္ အိမ့္ျမတ္ႏိုးေဇာ္

Unicode

ကြားဖြတ်အတွက် ပြည်ပရောက်ကြိုတင်မဲပေးသူတွေထဲမှာ စင်ကာပူက အများဆုံးဖြစ်

အောက်တိုဘာ - ၁၉ ၊၂၀၁၈

၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရသူ ပြည်ပရောက်မြန်မာနိုင်ငံသားမဲဆန္ဒရှင် ၅၅ဦးထဲက ၄၄ဦးကကြိုတင်ဆန္ဒမဲပေးတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကပြောပါတယ်။

ပြည်ပရောက်မဲဆန္ဒရှင်တွေ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတစ်ဆင့် သံရုံး၁၇ရုံးကို ကြိုတင်ဆန္ဒမဲလက်မှတ်တွေပေးပို့ခဲ့တာဖြစ်ပါတယ်။

သံရုံးတွေရဲ့အစီအစဉ်နဲ့ မဲဆန္ဒရှင်တွေကကြိုတင်ဆန္ဒမဲပေးကြတာဖြစ်ပြီး ယခုတစ်ပတ်အတွင်းမှာ မဲလက်မှတ်တွေပြည်ထောင်စုရွေးကောက်ပွဲထံ ပြန်လည်ရောက်ရှိလာတယ်လို ဦးမြင့်နိုင်ကပြောပါတယ်။

ပြည်ပရောက်မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်ဆန္ဒမဲပေးဖို့ သက်ဆိုင်ရာသံရုံးတွေမှာ ပုံစံ(၁၅)နဲ့လျှောက်ထားရတာဖြစ်ပြီး သံရုံးတွေကတစ်ဆင့်ရွေးကောက်ပွဲကော်မရှင်ထံပေးပို့ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမဲပေးခွင့်ရှိမရှိ စိစစ်ရတာဖြစ်ပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေထဲမှာ ကြိုတင်ဆန္ဒမဲပေးဖို့အတွက် စင်ကာပူနိုင်ငံကမဲပေးခွင့်ရသူ၁၈ဦးနဲ့ အများဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။

၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးနိုင်တဲ့မဲဆန္ဒရှင်ကိုးသိန်းကျော်ရှိပြီး ရွေးကောက်ပွဲကို နိုဝင်ဘာ၃ရက်နေ့မှာပြုလုပ်တော့မှာပါ။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Recommended