ရုပ်ရှင်နဲ့ဗီဒီယို ရိုက်ကူးဖို့ လက်ခံထားတဲ့ X Box

  • 7 years ago
ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေဆဲ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ တေးသံရှင် X –Box ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေကို ရိုက်ကူးဖို့အတွက် MBC Entertainment နဲ့ စာချုပ်ချုပ်ဆိုထားတယ်လို့ ပြောပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်ရမယ်လို့ စိတ်မကူးထားပေမယ့်လည်း ဖြစ်ချင်ခဲ့တဲ့ အိမ်မက်တစ်ခုကို အကောင်အထည်ဖော်ချင်တဲ့စိတနဲ့ လက်တွဲဖြစ်တာလို့ တေးသံရှင် X Box က ပြောပါတယ်။ အခု လက်ရှိမှာတော့ မေလ ၂၀ ရက်မှာ လုပ်မယ့် သူ့ရဲ့တစ်ကိုယ်တော်အခွေ ပရိုမိုးရှင်းနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ပရိသတ်တွေအတွက် သီချင်းအသစ်တွေ လုပ်နေသလို လာမယ့် ၁၀လပိုင်းမှာ ဒုတိယအခွေထွက်နိုင်ဖို့ ပြင်ဆင်သွားမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Recommended